ခရစ်တော်/နှင့်အတူ အသက်ရှင်ခြင်း
2
ယခင်က သင်တို့/သည် မိမိတို့/၏ ဒုစရိုက်များ/နှင့် အပြစ်များ/ကြောင့် သေလူ/ကဲ့သို့ ဖြစ်ကြ၏။ 2 ထိုသို့ သင်တို့/သည် ဘုရားသခင်/ကို မနာခံသော/သူတို့/ထဲ၌ သက်ဝင်လှုပ်ရှား/လျက်/ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ/ဆိုင်ရာ တန်ခိုးများ/ကို ကြီးစိုးသော/မင်း/ကို နာခံ/၍ လောကီသားများ/၏/လမ်းစဉ်/အတိုင်း အပြစ်ပြု/လျက် နေထိုင်ကြ၏။ 3 ကျွန်ုပ်တို့/အားလုံး/သည်လည်း တစ်ချိန်/က ထို/သူတို့/ကဲ့သို့/ပင် လူ့/ဗီဇစိတ်/၏ တပ်မက်မှု/အတိုင်း လုပ်ဆောင်/၍ စိတ်/နှင့် ခန္ဓာတို့/၏ အလို/အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့/သည် သဘာဝ/အားဖြင့် အခြားသူတို့/ကဲ့သို့ပင် ဘုရားသခင်/၏ အမျက်တော်/ကို ခံထိုက်သူများ/ဖြစ်ကြ၏။4 သို့သော် ကရုဏာတော် ကြွယ်ဝသော ဘုရားသခင်/သည် ကျွန်ုပ်တို့/ကို အလွန် ချစ်တော်မူ/သဖြင့် 5 အပြစ်များ/ကြောင့် သေ/လျက်/ရှိသော ကျွန်ုပ်တို့/ကို ခရစ်တော်/နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်း/ခံရသည်/မှာ ဘုရားသခင်/၏ ကျေးဇူးတော်/ကြောင့်/သာ ဖြစ်၏။ 6 ဘုရားသခင်/သည် ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်သော ကျွန်ုပ်တို့/ကို ကိုယ်တော်/နှင့်အတူ ထမြောက်စေတော်မူ/ပြီးလျှင် ကောင်းကင်/အရပ်/တွင် ကိုယ်တော်/နှင့်အတူ ထိုင်စေတော်မူ၏။ 7 ဤသည်/မှာ ယေရှု/ခရစ်တော်/အားဖြင့် ကျွန်ုပ်တို့/အပေါ် ကျေးဇူးပြု/၍ သာလွန်ထူးကဲသော ကျေးဇူးတော်/၏/ကြွယ်ဝခြင်း/ကို အနာဂတ်/အစဉ်အဆက်/တွင် ဖော်ပြ/ရန် ဖြစ်၏။
8 သင်တို့/သည် ယုံကြည်ခြင်း/ဖြင့် ကျေးဇူးတော်/ကြောင့် ကယ်တင်ခြင်း/ခံရ၏။ သင်တို့/ကိုယ်တိုင် ပြုသော ကုသိုလ်/ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်/ဖြစ်၏။ 9 မိမိ ပြုသော ကုသိုလ်/ကြောင့် ကယ်တင်ခံရခြင်း မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ကြွားဝါစရာ/အကြောင်း မရှိပေ။ 10 ကျွန်ုပ်တို့/သည် ဘုရားသခင်/၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်/သည် ကျွန်ုပ်တို့/ကို ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်စေ/လျက် ကြိုတင်/ပြင်ဆင်ထားတော်မူသော ကောင်းမှုများ/ကို ပြုစေ/ရန် ဖန်ဆင်းတော်မူခဲ့၏။
ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်ခြင်း
11 သင်တို့/သည် လူမျိုးခြားများ/အဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများ/က သင်တို့/ကို အရေပြား/မလှီးသောသူများ/ဟု ခေါ်ကြ၏။ ထို/သူတို့/သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူထားသူများ/ဟု ခေါ်ကြ၏။ ထို/သူတို့/၏ အရေပြားလှီးခြင်း/သည် ကိုယ်ခန္ဓာ/ပေါ်တွင် လူ့/လက်/ဖြင့် ပြုလုပ်သော အရာ/သာ ဖြစ်၏။ 12 တစ်ချိန်က သင်တို့/သည် ခရစ်တော်/နှင့် ကင်းကွာခဲ့ကြ/၍ အစ္စရေး/လူမျိုး/တွင် ပါဝင်ခွင့် မရ၊ ကတိတော်/နှင့်/ဆိုင်သော ပဋိညာဉ်များ/နှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤ/လောက/တွင် ဘုရားသခင်/ကို မသိဘဲ နေခဲ့ကြသည်/ကို သတိရကြလော့။ 13 တစ်ချိန်/က ဘုရားသခင်/နှင့် ဝေးကွာခဲ့/သော်လည်း ယခု/အခါ/တွင် သင်တို့/သည် ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း ဖြစ်ကြ/သောကြောင့် ခရစ်တော်/၏ အသွေးတော်/ဖြင့် အနီးသို့/ရောက်လာပြီ ဖြစ်၏။
14 အဘယ်ကြောင့်ဆိုသော် ခရစ်တော်/ကိုယ်တိုင်/သည် ကျွန်ုပ်တို့/အတွက် ငြိမ်းချမ်းခြင်း/ကို ယူဆောင်လာတော်မူ/သောကြောင့် ဖြစ်၏။ ကိုယ်တော်/သည် ဂျူးလူမျိုး/နှင့် လူမျိုးခြားတို့/ကို တစ်မျိုးတည်း ဖြစ်စေ/ပြီး ပိုင်းခြားထားသော ရန်ငြိုး/တံတိုင်း/ကို ဖြိုဖျက်/၍ 15 စည်းမျဉ်း/ဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့/၏ ပညတ်တရား/စနစ်/တစ်ခုလုံး/ကို မိမိ/အသွေးအသား/ဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့/ပြုခြင်း/မှာ ထို/လူမျိုး/နှစ်မျိုးစလုံး/ကို မိမိ/နှင့် တပေါင်းတစည်းတည်း/ဖြစ်စေ/လျက် လူမျိုးသစ် ဖန်ဆင်း/၍ ငြိမ်းချမ်း/စေရန် ဖြစ်၏။ 16 လက်ဝါးကပ်တိုင်/တွင် သူတို့/၏ ရန်ငြိုး/ကို အဆုံးသတ်/ပြီးလျှင် ထို/လက်ဝါးကပ်တိုင်/ဖြင့် လူနှစ်မျိုး/ကို တစ်မျိုးတည်း ဖြစ်စေ/လျက် ဘုရားသခင်/နှင့် ပြန်လည်/သင့်မြတ်/စေရန် ဖြစ်၏။
17 ကိုယ်တော်/သည် ကြွလာ/၍ ဘုရားသခင်/နှင့် ဝေးကွာသော လူမျိုးခြား သင်တို့/ကို/လည်းကောင်း၊ နီးသော ဂျူးလူမျိုးတို့/ကို/လည်းကောင်း ငြိမ်းချမ်းခြင်း/နှင့်ဆိုင်သော သတင်းကောင်း/ကို ဟောပြောတော်မူ၏။ 18 ထိုသို့/ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံး/သည် ခရစ်တော် ပြုခဲ့သော အမှု/အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်/မှတစ်ဆင့် ခမည်းတော်/ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
သခင်ဘုရား/အတွက် ဗိမာန်တော်
19 သို့ဖြစ်၍ သင်တို့/သည် တိုင်းတစ်ပါးသား/နှင့် ဧည့်သည်များ မဟုတ်တော့ဘဲ ယုံကြည်သူများa/နှင့် တစ်ပြည်တည်းသား ဖြစ်/၍ ဘုရားသခင်/၏ မိသားစုဝင်များ ဖြစ်ကြ၏။
20 သင်တို့/သည် တမန်တော်များ/နှင့် ပရောဖက်များ/၏ အုတ်မြစ်/ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ/ကဲ့သို့ ဖြစ်ကြပြီး ယေရှု/ခရစ်တော်/ကိုယ်တိုင်/သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။ 21 ကိုယ်တော်/သည် အဆောက်အအုံ/တစ်ခုလုံး/ကို အပိုအလို/မရှိ ဆက်စပ်/၍ ကြီးပွားစေတော်မူ/သဖြင့် ၎င်း/သည် သခင်ဘုရား/အတွက် သန့်ရှင်းသော/ဗိမာန် ဖြစ်လာ၏။ 22 သင်တို့/သည်လည်း ခရစ်တော်/နှင့် တပေါင်းတစည်းတည်း ဖြစ်ကြ/သောကြောင့် ဝိညာဉ်တော်/အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာ/နေရာ/အဖြစ် အခြားသူတို့/နှင့်အတူ တည်ဆောက်ခံရ/လျက် ရှိကြ၏။